Search Box

Members

Monday, November 5, 2012

မူပိုင်ခွင့် ဥပဒေတွေကို ဘာသာပြန်နေသူ ကျားပေါက်

အောက်တိုဘာ ၂၇ ရက်၊ မျှော်စင်ကျွန်းက S.I.R Show ပွဲမှာ မီးကုန်ယမ်းကုန် ပရိသတ်နဲ့ တစ်သားတည်း ကျအောင် ဖျော်ဖြေခဲ့တဲ့ ကျားပေါက် က Blood Sugar Politik အနေနဲ့ ခဏနားထားပြီး 1.11 MTV ကို အပြီးသတ် ရိုက်ကူးဖို့ ပြင်ဆင်နေပါ တယ်။
“မိုးလည်းကုန်ပြီဆို တော့ အလုပ်များတဲ့ရာသီ ရောက်တော့မှာ ဖြစ်တဲ့ အတွက် 1.11 MTV အပြတ် ဖြတ်ရတော့မယ်။ ပြီးရင် ရှေ့လထဲ မှာတော့ Big Bag  နောက် အခွေ အတွက် စပြီး တီးတော့မယ်” လို့ ကျားပေါက်က ပြောပါတယ်။ အခွေတွေ လည်းဆက်တိုက် ထွက်ရှိခဲ့ပြီး သီချင်းတွေလည်း တောက်လျှောက် ရေးဖြစ်နေတဲ့ ကျားပေါက်ကို တစ်ခါတလေမှာ သီချင်း ရေးရင် သံစဉ်တွေ ထပ်ပြီး ငြီးငွေ့တာမျိုး တွေကြုံဖူးလားလို့ မေးကြည့်တော့ “ကိုယ့်ကိုယ်ကိုယ် မထပ်အောင်တော့ ကြိုးစား တယ်။ ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်း ရေးတာဖြစ်တဲ့ အတွက် အခြေခံကတော့ တူနေမှာပါပဲ။ ဒါပေမဲ့ ပုံစံ မထပ်အောင်တော့ လုပ်တယ်။ လုပ်ရင်း လုပ်ရင်းနဲ့ တစ်ခွေနဲ့ တစ်ခွေ ပုံစံတွေ တအား ကွဲသွားတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားသာတာက ၄ယောက် ဝိုင်းပြီး စဉ်းစားတာ ဖြစ်တဲ့အတွက် တစ် ယောက် ထပ်နေပြီ ဆိုတာနဲ့ တစ်ယောက်က သတိပေးကြတယ်” လို့ ပြောတဲ့ ကျားပေါက်က မငြီးငွေ့အောင် အမြဲနေတယ်လို့ ပြောပါ တယ်။
“ကျွန်တော့်စိတ်ထဲမှာ မငြီးငွေ့အောင် အမြဲနေတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒီအလုပ်ကို
အကြာကြီး လုပ်ချင်လို့ပါ။ ဝုန်း ဒိုင်းနဲ့ အများကြီး တစ်ခါတည်း လုပ်ပြီး ပျောက်သွားတာမျိုး မဖြစ်ချင်ဘူး။ အဲဒါကြောင့် တူရိယာတွေ ဆိုလည်း အသစ်တွေ တစ်ခုပြီး တစ်ခု ကျွန်တော့်ဘာသာ လျှောက်စမ်းတီးပြီး အဲဒီလို မငြီးငွေ့အောင် အမြဲနေရတယ်။ ကိုယ်က ဒီဟာကို ကြိုက်ပြီး ဒီထဲမှာ  အမြဲနေချင်တာကိုး” လို့ ကျားပေါက်က ဂီတ လောကထဲမှာ အကြာကြီး နေချင်တဲ့ အကြောင်း ကို ပြောပါတယ်။
ကျားပေါက်က လတ်တလော မှာတော့ 1.11 MTV ကို စိတ်တိုင်းကျ ရိုက်ကူးနေပြီး ဆင်ဆာတွေလည်း အရင်ထက် လျှော့ပေါ့ လာပြီ ဖြစ်တာကြောင့် 1.11 MTV မှာ အရင် နဲ့မတူတဲ့ တင်ပြပုံ ဆန်းဆန်း၊ အကြောင်း အရာ ဆန်းဆန်းတွေတွေ့လာရမလား ဆိုတော့..
“အခုက အများကြီး တွေးလို့ လုပ်လို့ ရသွားပါပြီ။ ကျွန်တော်တို့  MTV ကို စိတ်မပါဘူး ဆိုတာက ကျွန်တော်တို့ တကယ် လုပ်ချင်တဲ့ ပုံစံ အတိုင်းဆို ပြီးခဲ့တဲ့ ဆင်ဆာ နဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ အခုတော့ တွေးချင်တာ၊ လုပ်ချင်တာတွေကို အများကြီး လုပ်လို့ ရပြီ ဖြစ်လို့ အရင်ထက်တော့ ပြင်းပြင်းထန်ထန် ဖြစ်မယ် ထင်တယ်။ အခုရိုက် ပြီးသလောက် ကိုလည်း အားရပါတယ်” လို့ ကျားပေါက် ကပြောပြီး ဒီဇင်ဘာလောက်မှာ ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။
ဂီတ အစည်းအရုံးမှာလည်း နိုင်ငံခြား ဆက်ဆံရေးမှူး အနေနဲ့ တာဝန် ယူထားတဲ့ ကျားပေါက်က လက်ရှိမှာတော့ ပြည်ပက မူပိုင်ခွင့် ဥပဒေတွေကို ဘာသာပြန်နေ တယ် လို့လည်း သိရပါတယ်။ “ကျွန်တော်တို့မှာက register လုပ်မယ် ဆိုရင် လျှောက်လွှာက အစ မရှိဘူး။ အဲဒီတော့ ဟိုက ဥပဒေတွေနဲ့ ကိုယ်တွေနဲ့ အနီးစပ် ဆုံးဖြစ်အောင် ဘာသာ ပြန်ရတာပေါ့” လို့ ကျားပေါက်က လက်ရှိမှာ သူလုပ် ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

No comments:

Post a Comment

Flag Counter