Search Box

Members

Tuesday, June 19, 2012

စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အရမ်းဖြစ်ချင်တယ်၊ သင်တန်းတွေတက်ရင်း သီချင်း ဆိုဖြစ်သွားတာ- N ကိုင်ရာ

N ကိုင်ရာ ဆယ်ကျော်သက်အရွယ်က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးကဘာလဲ။
အဖေကတော့ ကျွန်မကို ဆရာဝန် ဖြစ်စေချင်တယ်။ ကျွန်မက ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်နဲ့ပေါ့။ ဒါပေမဲ့ သီချင်းဆိုတာ ဝါသနာပါတယ်။ အထက်တန်းလောက်မှာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အရမ်းဖြစ်ချင်တယ်။
အနုပညာကို ဝါသနာပါလို့ လုပ်ဖြစ်ခဲ့တာလား။
ဆယ်တန်းအောင်တော့ စီးပွားရေး သင်တန်းတွေ၊ လိုအပ်တဲ့ သင်တန်းတွေတက်ဖို့ လာခဲ့ရင်း သင်တန်းမပြီးသေးဘဲ သီချင်း စဆိုဖြစ်သွားတာ အခုချိန်ထိပါပဲ။
မိဘတွေ ထိန်းချုပ်တာ ခံခဲ့ရလား။
မိဘတွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာတော့ မရှိပါဘူး။ ဆုံးမတယ်၊ ပြောပြတယ်၊ စိတ်ပူတတ်တဲ့ အမေ့ကိုတော့ ပြောပြရတာပေါ့။ အမေက သိပ်စိတ်မချဘူး။
N ကိုင်ရာ ဖြစ်ချင်တာကို စွန့်လွှတ်ခဲ့ရတာရှိလား။
အဲဒီလိုတော့ မရှိပါဘူး။ အရာအားလုံးက ဆုတောင်းတိုင်းလည်း ဖြစ်ချင်မှဖြစ်တာဆိုတော့ အားလုံးက ဘုရားရဲ့ အလိုတော်အတိုင်းပါပဲ။ အဲဒီလိုပဲ လက်ခံထားတယ်။

ဖြစ်ချင်တာ ဖြစ်အောင်လုပ်ဖို့ ဆယ်ကျော်သက်တွေကို ဘယ်လို အကြံပေးချင်လဲ။
လူတိုင်းကတော့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ကြတယ်။ ဒါပေမဲ့ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရမယ်။ ဘာအလုပ်ပဲလုပ်လုပ် စဉ်းစားပါ။ ချင့်ချိန်ပြီး လုပ်သင့်တာကို လုပ်ပါ။ ဖြစ်သင့်တာကိုပဲ ဦးစားပေးလုပ်ပါလို့။
မိဘစကား နားထောင်ဖို့ ဘယ်လို အကြံပေးချင်လဲ။
ဘာပဲလုပ်လုပ် ကိုယ့်အစွမ်းအစနဲ့လုပ်တာ မှန်ပေမယ့် အမှားတွေလုပ်မိတာ ရှိမှာပဲ။ ဒါကြောင့် မိဘတွေ ညီအစ်ကိုမောင်နှမတွေကို တိုင်ပင်ပြီး လုပ်စေချင်တယ်။
ထိန်းချုပ်တဲ့ မိဘတွေကိုရော ဘယ်လို အကြံပေးချင်လဲ။
အရမ်းထိန်းချုပ်လို့ သားသမီးတွေ ပျက်စီးသွားတာတွေ ရှိတယ်။ အရာရာကို မိဘတွေက အရမ်းထိန်းချုပ်တာ မဟုတ်ဘဲနဲ့ လွှတ်ပေးလိုက်စေချင်တယ်။ လူဆိုတာ ခလုတ်ထိမှ၊ နာမှ သိတာလေ။ ဘယ်လို ဖြစ်တတ်တယ်။ ဘယ်လိုရှိတယ် ဆိုတာကို ပြောပြရင် ပြေလည်လိမ့်မယ်။ အရမ်းထိန်းချုပ်တာတော့ မဖြစ်စေချင်ဘူး။ ချစ်တာကနေ နှစ်တာ ဖြစ်သွားမှာ စိုးလို့ပါ။
မြတ်သူအောင်
8 Days Journal

No comments:

Post a Comment

Flag Counter