Search Box

Members

Thursday, February 28, 2013

ဂရေဟမ်သမီးလေးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ချယ်နဲ့ ပန်သွန်းချယ် အင်တာဗျူး----

ဂရေဟမ်သမီးလေးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ချယ်နဲ့ ပန်သွန်းချယ် အင်တာဗျူး---- ညီအစ်မနှစ်ယောက်က မွေးလ၊ မွေးရက်တူပေမယ့် အကြိုက်မတူတာတွေရှိတယ်
---------------------------------------------------------------------------
တေးသံရှင် ဂရေဟမ်ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ချယ် နှင့် ပန်းသွန်းချယ်တို့ကို 8 DAYS Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ သမီးအကြီးဆုံး ပန်းရောင်ချယ်မှာ (၁၇) နှစ်ထဲသို့ရောက်ပြီး၊ သြစတြေးလျမှာ့ Year Eleven ပြီးဆုံးကာ၊ Year Twelve သို့ တက်ရောက် နေပြီး မကြာမီ တက္ကသိုလ်သို့တက် ရောက်တော့မှာဖြစ်ပါတယ်။ အခု ချိန်မှာတော့ ဖခင်နှင့်မိခင်ရှိရာ မြန်မာပြည်သို့ခေတ္တခဏပြန်လာ တာဖြစ်ပြီး (၁) လပိုင်းအကုန်တွင် သြစတြေးလျသို့ ပြန်တော့မှာ ဖြစ်ပါတယ်။ သမီးအငယ်ဆုံးလေး ကတော့ ပန်းသွန်းချယ်ဖြစ်ပြီး၊ (၁၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ SMI ကျောင်းမှာတက်နေပြီး (၆) တန်း မှာ ပညာသင်ကြားနေသူတစ်ယောက်ပါ။ ဖခင်ဖြစ်သူမှာ အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် သမီးနှစ်ယောက်စလုံးကလည်း အဆိုတော်ဖြစ်ချင်တယ်လို့ဆိုလာပါတယ်။ အင်တာဗျူးတွင် သမီး အငယ်ဆုံးလေးက မြန်မာစကားကို မနည်းဖြေဆိုရပြီး သူမ၏ မိခင်က မြန်မာစကားပြန်သင်ပေးရဦးမယ်လို့ စနောက်ပြောလိုက်တာကလွဲလို့ နှစ်ယောက်စလုံးအင်တာဗျူးကို သွက်သွက်လက်လက်ဖြေ ဆိုသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေ အနေနဲ့ Cover Star Interview မှာ သူတို့ဘယ်လိုဖြေ ဆိုထားတယ် ဆိုတာကိုဆက်လက် ဖတ်ရှုကြည့်ရအောင်ပါ။

ပန်းရောင်ချယ်
-----------------------------------------------------------------------------
Q. ကိုဂရေဟမ်ရဲ့ သမီးတစ် ယောက်ဖြစ်ခွင့်ရတဲ့အပေါ်ခံစားချက်
A. စိတ်ဝင်စားဖို့ကောင်းတယ်။ ပျော်ဖို့လည်းကောင်းပါတယ်။ ဒယ်ဒီကသူဖြစ်ချင်တဲ့ အဆို တော်ဘ၀ကိုရအောင်ကြိုးစားခဲ့တယ် ဆိုတော့ သမီးလည်း ဒယ်ဒီလိုအ ရမ်းဖြစ်ချင်တယ်။ အားကျမိတယ်။ ဒယ်ဒီ့လို အနုပညာရှင်ဘ၀ ဖြစ်ခွင့်ရတာက စိတ်ဝင်စားပြီးပျော်ဖို့ ကောင်းပါတယ်။
Q. သမီးဒယ်ဒီရဲ့သီချင်းတွေ ထဲမှာ ဘယ်သီချင်းကိုအကြိုက်ဆုံး လဲ။
A. ဒယ်ဒီ့သီချင်းတွေထဲက အကြိုက်ဆုံးသီချင်းဆိုရင် လက် ဆောင် သီချင်းကို အကြိုက်ဆုံးပဲ။ သီချင်းပုံစံက အနှေးပုံစံနဲ့ ခပ်အေးအေးလေးနဲ့ဆိုတော့ ဒယ်ဒီနဲ့အလိုက်ဆုံးပဲ။ ဒါကြောင့် ကြိုက်နှစ် သက်တာပါ။

Q. ဖခင်ဖြစ်သူက အနုပညာ ရှင်တစ်ယောက်ဆိုတော့ ရရှိတဲ့ အနု
ပညာကြေးနဲ့ သမီးတို့နှစ်ယောက်ရဲ့ ဘ၀ရှေ့ရေးကို စီစဉ်ပေးတဲ့အတွက် မိဘအပေါ်ထားရှိတဲ့ သမီးတစ် ယောက်ရဲ့မေတ္တာတရားက
A. ဒယ်ဒီနဲ့ မာမီက သမီးတို့ နှစ်ယောက်အတွက်ကျောင်းနေဖို့၊ အ၀တ်အစား၊ သွားတာ ၊ လာတာ ကအစ အဆုံး တာဝန်ယူပေးတယ် ဆိုတော့ ကျေးဇူးတင်ပါတယ်။ သမီး ကြီးလာရင်လည်း မိဘကို အစွမ်း ကုန်ကျေးဇူးပြန်ဆပ်မှာပါ။

Q. ကိုဂရေဟမ်အပေါ် အကြိုက်နှစ်သက်ဆုံးအရာနဲ့၊ စိတ် ကြိုက်မဖြစ်မိတဲ့အရာတွေရှိရင် ပြောပါဦး။
A. ဒယ်ဒီက အရမ်းတင်းကျပ် တဲ့ အဖေမျိုးမဟုတ်ပါဘူး။ သူငယ် ချင်းလိုပြောလို့ဆိုလို့ရပေမယ့် အဖေ ဖြစ်တဲ့အတွက်သမီးက လေးစားမှု တော့ရှိတယ်။ Happy Family type ပုံစံနောက်ကျ၊ ပြောင်ကျတဲ့ ပုံစံမျိုးကို သမီးကြိုက်တယ်။ နောက်တစ်ခုက သမီးအနေနဲ့ ဒယ်ဒီကို မကြိုက်တာကျတော့ (ရယ်လျက်) သိပ်ပြီးတော့မရှိပါဘူး။ ဒါပေမယ့် အသံပြဲတာတစ်ခုလောက်ပဲမကြိုက်တာ။ အိမ်မှာ သမီးတစ်ခုခုလုပ်တဲ့ အခါမှားရင်၊ ဒယ်ဒီက အသံပြဲကြီးနဲ့ အော်တော့တာပဲ။ အဲဒါမျိုးဆိုရင် မကြိုက်ဘူး။

Q. အနုပညာရှင်တစ်ယောက် ဖြစ်ဖို့ ရည်ရွယ်ထားလား။
A. ဒယ်ဒီနဲ့ မာမီသဘောတူရင် လုပ်ဖြစ်မှာပါ။ တကယ်လို့ အနုပညာလုပ်ဖြစ်မယ်ဆိုရင်၊ အဆို တော်ပဲလုပ်ဖြစ်မယ်ထင်တယ်။
Q. ပန်းရောင်ချယ်နဲ့ ပန်းသွန်း ချယ် ညီအစ်မနှစ်ယောက် အဓိက ကွာခြားချက်တွေကရော။
A. တစ်ခါတလေ သမီးတို့ နှစ် ယောက်က တစ်ရက်တည်း၊ တစ်လ တည်းမှာမွေးပေမယ့် အကြိုက် ချင်းမတူတာလေးတွေရှိတယ်။ အစားအသောက်မတူတာတွေရှိ ပေမယ့်အများအားဖြင့် တူတာများ ပါတယ်။ ၀တ်အစား၊ သီချင်းတွေ ကြိုက်တာများပါတယ်။
Q. အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးလေ့လာဖြစ်ပါသလဲ
A. ကျောင်းတက်နေရင်းနဲ့ အားလပ်တဲ့အချိန်မျိုးတွေဆိုရင် Music ကိုပိုပြီးလေ့လာဖြစ်တယ်။ အရင်တုန်းကရော အခုချိန်ထိရော Music ကို လေ့လာဖြစ်နေပါတယ်။

Q. သြစတြေးလျမှာ ကျောင်း သွားတက်ပြီး၊ အဆောင်နေရမယ် ဆိုတော့ မိမိကိုယ်ကိုဘယ်လိုမျိုး ထိန်းသိမ်းဖြစ်မလဲ
A. သမီးတို့အဆောင်က မိန်းကလေးအဆောင်ဖြစ်တဲ့အတွက် စည်းကမ်းအရမ်းကြီးပါတယ်။ အဆောင်နေတဲ့အတွက် ကိုယ့်ကိုယ် ကိုယ် ရပ်တည်နိုင်ဖို့အတွက် ဖြစ်လာတာဆိုတော့ ပိုကောင်းပါတယ်။ အဆင်လည်းပြေပါတယ်။ ဘာအခက်အခဲမှလဲမရှိပါဘူး။

Q. သမီးအပေါ် ညီမလေးဖြစ် သူက နွဲ့ဆိုးဆိုးတာမျိုး၊ စိတ်ကောက်တာမျိုးတွေရှိလား။
A. သူက အဲဒီလိုမျိုးမရှိပါဘူး။ စိတ်ကောက်တာတွေ၊ မနာလိုတာ တွေလုံးဝမရှိပါဘူး။

Q. သြစတြေးလျကိုရောက် သွားတဲ့အခါမှာ မိဘအိမ်ကိုလွမ်း ဖြစ်လား။
A. အရမ်းလွမ်းတာပေါ့။ မိသားစုနဲ့ ခွဲနေရတာဆိုတော့လေ။ ဒါပေမဲ့ ညစဉ်တိုင်း online ကနေ တစ်ဆင့် Skype မှာ ဒယ်ဒီ၊ မာမီ တို့နဲ့ စကားအမြဲတမ်းပြောဖြစ်တယ်။ မထိတွေ့ရတာကလွဲလို့ပေါ့။

Q. အစ်မကြီးတစ်ယောက် အနေနဲ့ ကိုယ့်အောက်ကညီမလေး အပေါ် လူမသိအောင် ထားရှိခဲ့တဲ့ စေတနာ။ သူ့ကိုမပြောဖြစ်တဲ့စကား သူ့အတွက် လူမသိအောင်လုပ်ပေး ခဲ့တဲ့အရာ စသည်ဖြင့်ပေါ့ တစ်ခုခု ရှိခဲ့ရင်ပြောပြပေးလို့ရမလား။
A. မိသားစုလေးယောက်ထဲ မှာ ညီမလေးက သမီးနဲ့ အရင်းနှီး ဆုံးသူပေါ့။ သမီးတို့နှစ်ယောက် အမြဲတမ်းနွေးထွေးစွာစကားပြောဖြစ် တယ်။ တစ်ခုခုဆိုရင် အမြဲတမ်း တိုင်ပင်တယ်။ ပြီးရင် သူ့အကြောင်း နဲ့ပတ်သက်ပြီးသမီးကိုအမြဲတမ်းရင် ဖွင့်ပြောပြတတ်တယ်။ အဲဒီလိုမျိုး ဆိုရင် သေချာနားထောင်ပြီး ဆုံး ဖြတ်ပေးတယ်။

Q. ကိုယ့်ညီမလေးက ကိုယ့် အပေါ်နွဲ့ဆိုးဆိုးတာရှိမယ်။ ဒါပေ မယ့် သွေးသားဟာ သွေးသားပဲ လေ။ အကြီးဆိုတာ အမြဲအနိုင်ကျင့် ခံရမယ်။ တာဝန်ယူရတယ်။ အနစ် နာခံရတယ်။ သမီးကရော သမီး ညီမလေးကို ဘယ်လောက်ထိ အနစ်နာခံရဲတယ်၊ တာဝန်ယူရဲတယ် ဆိုတာကို တစ်ခုလောက်ပြောပြပါ လား။
A. မာမီက သမီးကို အလုပ် နှစ်ခုခိုင်းရင် ညီမလေးကိုသုံးခုခိုင်း တတ်တယ်။ အဲဒီလိုမျိုးဆိုရင် ညီမ လေးရဲ့ အလုပ်သုံးခုကို ၀ိုင်းပြီး ကူတတ်တယ်။ သူကလည်း ငယ် သေးတော့။ တစ်ခုခုမှားယွင်းသွားမှာ စိုးပြီး ၀ိုင်းကူညီလုပ်ပေးတတ်တဲ့ သဘောမျိုးပေါ့။

Q. ကိုဂရေဟမ်ရဲ့ ပရိသတ်နဲ့ သမီးပရိသတ်တွေကို နှုတ်ဆက် စကားပြောပေးပါဦး။
A. နိုင်ငံခြားမှာ ကျောင်းပိတ် တဲ့အခါ နှစ်ပတ်လောက်ရန်ကုန်ကို လာလည်ပါတယ်။ အခုထိ နိုင်ငံခြား မှာကျောင်းတက်နေတုန်းပါ။ ဒယ်ဒီ ကိုဆက်ပြီးအားပေးကြပါ။ ၂၀၁၃ ခုနှစ်မှာ စိတ်သစ်လူသစ်နဲ့အောင် မြင်မှုတွေရပါစေလို့ဆုတောင်းပေးပါ တယ်။

ပန်းသွန်းချယ်
---------------------------------------------------------------------
Q. ကိုဂရေဟမ်ရဲ့ သမီးအငယ် ဆုံးလေးဖြစ်ခွင့်ရတဲ့ ခံစားချက်ကို ပြောပြပေးပါဦး။
A. ပျော်စရာကောင်းတာပေါ့။ တစ်ခါတလေ ဒယ်ဒီ့ပွဲကိုသွားရင် သမီးက လူကြောက်တတ်တယ်။ ဒါပေမဲ့ အရမ်းကြောက်တတ်တာ မျိုးတော့ မဟုတ်ပေမယ့် ပျော်စရာ ကောင်းပါတယ်။

Q. သမီးငယ်လေးရော ဒယ်ဒီ လိုအနုပညာရှင်တစ်ယောက်ဖြစ်ဖို့ အစီအစဉ်ရှိလား။
A. သမီးကအနုပညာဝါသနာ ပါတယ်။ အဆိုတော်လည်းဖြစ်ချင် တယ်။ အခုကျောင်းစာတစ်ဖက်နဲ့ Drum သင်နေပါတယ်။ ပြီးရင် ဒယ်ဒီ့ဆီကနေ စန္ဒရားတီးသင်ဖို့ရှိပါ တယ်။

Q. အစ်မဖြစ်သူအပေါ် အကြိုက်နှစ်သက်ဆုံးအချက်နဲ့၊ မကြိုက်နှစ်သက်ဆုံးအချက်တွေရှိ လား။
A. အစ်မဖြစ်သူကို ၉၉% လောက်ကြိုက်နှစ်သက်တယ်။ မကြိုက်တဲ့အချက်လုံးဝမရှိပါဘူး။

Q. ပရိသတ်တွေကလာပြီးနှုတ် ဆက်တဲ့အခါမှာ ဘယ်သူ့ကိုပိုပြီး နှုတ်ဆက်တာများလဲ
A. သမီးကို ဒယ်ဒီ့ရဲ့ သမီး အငယ်ဆုံးလေးဆိုပြီးလာနှုတ်ဆက် ကြတော့ စိတ်ထဲမှာ ပျော်တာပေါ့။ ပရိသတ်တွေက လာပြီးနှုတ်ဆက်တဲ့ အခါမှာ (မမကိုပိုပြီးနှုတ်ဆက် ကြတာများပါတယ်။ သမီးကိုလည်း လာ နှုတ်ဆက်တာရှိတာပေါ့။)

Q. လောကကြီးမှာ ဒယ်ဒီနဲ့ မာမီပြီးရင် သမီးငယ်ကို ကာကွယ် စောင့်ရှောက်ပေးမယ့်သူက
A. သမီးရဲ့မမပါ။ ကျောင်းမှာ တစ်ခုခုဖြစ်ရင် ဘယ်လိုဖြေရှင်းရ မလဲဆိုတာကို သမီးရဲ့အစ်မက အမြဲတမ်းပြောပြတတ်ပါတယ်။

Q. သမီးရဲ့ မမက သမီးအပေါ် ဘယ်လိုမျိုးခွင့်လွှတ်နားလည်ပေးလဲ
A. သမီးကို မမကခွင့်လွှတ် ပေးတယ်။ မှားရင်ပြင်ပေးတယ်။ သည်းခံပေးတယ်။

Q. စိတ်မကျေနပ်ဆုံးအရာ တွေရှိခဲ့ရင် ဘယ်လိုဖြေဖျောက်လေ့ ရှိလဲ
A. တစ်ခါတလေ အင်္ကျီဝတ် တဲ့အခါမှာ သမီးအတွက် အက်ႌ Size မရွိတာမ်ိဳး၊ အစ္မျဖစ္သူက အက်ႌ Size ရၿပီး သမီးက အက်ႌမရ တဲ့အခါမျိုးဆိုရင် ရအောင်ပူဆာ တတ်တယ်။ မရရင် တစ်ခါတလေ စိတ်ဆိုးတတ်တာမျိုးတော့ရှိတာပေါ့။

Q. မမလိုပဲ သြစတြေးလျမှာ ကျောင်းသွားတက်ဖို့အစီအစဉ်ရှိ လား။
A. သမီးကအရမ်းငယ်သေး တော့ သမီးကိုစိတ်မချဘူး၊ (၉) တန်း (၁၀) တန်းကျမှပဲ နိုင်ငံခြားမှာ ပညာ သင်ဖို့ရှိပါတယ်။

Q. သြစတြေးလျနဲ့ မြန်မာပြည် နဲ့က ဘာတွေကွာခြားတယ်လို့သမီး မြင်လဲ
A. မြန်မာပြည်နဲ့ကွာတာက ရာသီဥတု၊ အစားအသောက်တွေ လည်းတော်တော်ကွာခြားတယ်။ တချို့ မြန်မာပြည်ကလမ်းတွေဆို ရင် အမှိုက်တွေနဲ့ သန့်ရှင်းသပ်ရပ် မှုမရှိဘူး။ အဲဒါတွေတော့ကွာခြားပါ တယ်။

Q. ဒယ်ဒီဆိုခဲ့တဲ့ သီချင်းတွေထဲမှာ ဘယ်သီချင်းကိုအကြိုက်ဆုံး လဲ
A. ဒယ်ဒီ့သီချင်းတွေထဲမှာ အကြိုက်ဆုံးသီချင်းက အဆောင် သရဲ ဆိုတဲ့သီချင်းကို အကြိုက်ဆုံး ပါ။

Q. ဒယ်ဒီရဲ့ ပရိသတ်ကိုပြော ချင်တာ
A. သမီးအဆိုတော်ဖြစ်ရင် အားပေးပါလို့ ပြောချင်ပါတယ်။ ဒါ့အပြင် ဒယ်ဒီရဲ့ သီချင်းတွေကို လည်း အားပေးပါဦးလို့ပြောရင်း နှုတ်ဆက်ချင်ပါတယ်။
ကလောင် - ထွန်းမြင့်ဇော်

No comments:

Post a Comment

Flag Counter