Search Box

Members

Friday, November 2, 2012

Miss Myanmar 2012 နန်းခင်ဇေယျာ ပရဟိတ လုပ်ငန်းတွေ စတင်လုပ်ဆောင်တော့မည်

မြန်မာ ပရိသတ်များ ချစ်လို့ ဆောင်ယူ ပေးခဲ့ကြတဲ့ ဆု ၂ ဆုကို သယ်ဆောင်လို့ ဂျပန်ပြည်မှ ပြန်ရောက်လာခဲ့တဲ့ မယ်မြန်မာလေး နန်းခင်ဇေယျာ တစ်ယောက်ကတော့ ...
အခုဆိုရင် သူမကို အားလုံးက ပေးထားကြတဲ့ မေတ္တာတွေအတွက် တစ်နည်းတစ်ဖုံ
ကျေးဇူး ပြန်ဆပ်တဲ့အနေနဲ့ ပရဟိတ လုပ်ငန်းတွေကို စတင် လုပ်ကိုင်သွားတော့မယ်လို့ ပြောပါတယ်။ သူမ လုပ်နိုင်သလောက် ကြိုးစား ဆောင်ရွက်မယ့် လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေမှာ သူမကို ချစ်တဲ့ ပရိသတ်များလည်း ပါဝင် ကူညီနိုင်တယ်လို့လည်း သိရပါတယ်။

နန်းခင်ဇေယျာက တစ်လချင်းစီ ခေါင်းစဉ်တွေ ခွဲပြီး လုပ်ဆောင်သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က လှည်းကူးမြို့မှာ ရှိတဲ့ မေတ္တာ ပရဟိတဂေဟာ (အနာကြီး ရောဂါသည်များ
ပြန်လည်ထူထောင်ရေးဂေဟာ) ကို သူမကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပြီး နောက်မှာတော့ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ
လည်း နောက်တစ်ကြိမ် သွားရောက် လှူဒါန်းဦးမယ်လို့ သိရပါတယ်။ ဒါကြောင့် (၁) အဝတ်အစား (၂) အစားအသောက် (၃) လှူဒါန်းငွေနဲ့ (၄) အခြား အသုံးမယ့် ပစ္စည်းများကို သူမနဲ့အတူ လိုက်ပါ လှူဒါန်းလို့ ရတယ်လို့ ဆိုပါတယ်။

လှူဒါန်းလိုသူတွေ အနေနဲ့ သူမရဲ့ email လိပ်စာ nangkhinzayyar@gmail.com ကို တိုက်ရိုက် ဆက်သွယ်ပြီး လှူဒါန်းနိုင်ကာ ရရှိလာတဲ့ လှူဒါန်းမှု ပမာဏအပေါ် မူတည်၍ အခြား အနာကြီးရောဂါသည် ပြန်လည် ထူထောင်ရေး စခန်းများကိုပါ မျှဝေ လှူဒါန်းပေးသွားမယ်လို့လည်း ဆိုပါတယ်။

Shwelone.com (ရွှေလုံး)

No comments:

Post a Comment

Flag Counter