Search Box

Members

Tuesday, November 6, 2012

ပြိုလဲကြေကွဲ ရေး/ဆို အေသင်ချိုဆွေ

တေးသီချင်းတစ်ပုဒ် ပေါက်ရင်ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှမဟုတ် အချစ်သီချင်း ချိုချိုလေးတွေ ဆိုရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်းတွေမှာ  ကြားရလေ့ ရှိပါတယ်။ အဲဒီလို အောင်မြင်တဲ့ တေးသီချင်းတစ်ပုဒ်ရဲ့ နောက်ကွယ်က ဖန်တီးသူ တေးရေးဆရာနဲ့ အသက်သွင်းသူ တေးဆိုတို့ရဲ့ အောင်မြင်မှုအပေါ် ခံစားချက်လေးတွေကို တေးသီချင်းချိုချို အောင်မြင်မှုချိုချိုဆိုတဲ့ ကဏ္ဍလေးကနေ တင်ဆက်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ 8 DAYS ရဲ့ တေးချစ်ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ယူဆရင်း တင်ဆက်လိုက်ပါတယ်။

 
ရေးဖြစ်ပုံ

ကိုသြရသက လာပြတယ်။ Original လေးကို နားထောင်ပြီး ကြိုက်သွားတာနဲ့ ရေးကြည့်မယ်ဆိုပြီး ရေးဖြစ်သွားတာ။ Original လေးက အရမ်းကောင်းတယ်။ Melody လေးကလည်း အရမ်းကောင်းတဲ့အတွက် ရေးဖြစ်သွားတာပါ။ စာသားလေးတွေကိုတော့ ကိုသြရသကလည်း ဝိုင်းစဉ်းစားပေးတယ်။ အေသင်ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စဉ်းစားပြီး ရေးဖြစ်သွားတာပါ။

ဘယ်အချိန်မှာ ရေးဖြစ်လဲ

သီချင်းကတော့ ညပိုင်းရေးဖြစ်တာ များတယ်။ ပုံမှန်တော့ မရှိပါဘူး။ ဒါပေမဲ့ လူခြေတိတ်တဲ့အချိန်မှာ ရေးရတာ ပိုကြိုက်တယ်။

သံစဉ်အရင်ရှာလား၊ စာသားအရင်ရှာလား

အေသင်ကတော့ စာသား ဦးစားပေးတယ်။ စာသားကို အရင်ရှာတယ်။ စာသားကို ကဗျာပုံစံမျိုးပေါ့။ အေသင်က သီချင်းရေးရတာထက် ကဗျာရေးရတာကို ပိုကြိုက်တယ်။ကဗျာတွေရေးတယ်။ ကဗျာတွေထဲကမှ သီချင်းရေးတဲ့အခါ ပြန်သုံးတယ်။ ဒါမှမဟုတ် ဒီကဗျာကို တည်ထားတယ်ဆို ဒီကဗျာပုံစံအတိုင်း ပြန်ရေးတယ်။ ခုနောက်ပိုင်း ကဗျာတွေပဲ ရေးဖြစ်တယ်။

သွားရင်းလာရင်း သံစဉ်ရှာတွေ့ရင် ဘယ်လိုမှတ်ဖြစ်လဲ

ဖုန်းနုတ်စ်ထဲမှာလည်း ရေးဖြစ်တာများတယ်။ အေသင့်ဆီမှာ အမြဲတမ်း စာအုပ်နဲ့ ဘောပင်ပါတယ်။ စာအုပ်ဘောပင်နဲ့လည်း အမြဲရေးဖြစ်တယ်။
 
ဘယ်အချိန်မှာဆိုဖြစ်လဲ
 
အဲဒီသီချင်းကို ခုနောက်ပိုင်း လူငယ်ပွဲတွေမှာ ဆိုဖြစ်တယ်ဆိုတဲ့ အခါကျရင် ပရိသတ်လည်း ခံစားလို့ရအောင်၊ အေသင်လည်း ခံစားပြီး ဆိုဖြစ်ပါတယ်။ အသံသွင်းတဲ့အခါ အခက်အခဲအခက်အခဲကတော့ မရှိပါဘူး။ သီချင်းက ကော်ပီဆိုပေမယ့် အေသင်က သီချင်းဆိုတဲ့အခါ သူ့ပုံစံအတိုင်းချည်း လိုက်မဆိုဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဆိုဖြစ်တယ်။အကြိုက်ဆုံးစာသား “တစ်ယောက်တည်း ကြေကွဲ ငါလွမ်းနေပါတယ် မင်းကမသိနိုင် ငါ့အချစ်တွေ ကံမကောင်းနိုင်” အဲဒီစာသားလေးကိုကြိုက်တယ်။ ပရိသတ်တွေလည်း Chorus ပိုဒ်လေးကို လိုက်ဆိုကြတယ်။ R & B လေးဖြစ်တဲ့အတွက် သိပ်တော့မကြိုက်ကြပေမယ့် ဆိုလိုက်ရင်တော့ ပရိသတ် တော်တော်များများက လိုက်ဆိုကြပါတယ်။
 
ကိုယ်ရေးပြီး ဆိုရတာနဲ့ သူများရေးပေးတာဆိုရတာ ဘာကွာခြားလဲ

ဘာမှတော့ သိပ်မကွာခြားပါဘူး။ ကိုယ်ကိုယ်တိုင်ရေးတော့ ပိုခံစားလို့ ကောင်းတာပေါ့။ ပိုပြီးလုပ်လို့ ကောင်းတာပေါ့။

No comments:

Post a Comment

Flag Counter