Search Box

Members

Friday, November 9, 2012

အဆိုတော်ဒီဖြိုးနှင့်အတူ လူငယ်ငါးဦး မူးယစ်ဆေးဝါးကြောင့် တာမွေရဲစခန်းမှ ဖမ်းဆီးထားပါကြောင်း


အဆိုတော်ဒီဖြိုးနှင့်အတူ လူငယ်ငါးဦး မူးယစ်ဆေးဝါးကြောင့်
တာမွေရဲစခန်းမှ ဖမ်းဆီးထားပါကြောင်း

1 comment:

  1. အဲဒီကောင်တွေလည်း မကြာခင် ပြန်လွတ်လာမှာပါ. အဲဒီမတိုင်ခင်က အဆိုတော် မျိုးသီရိကျော်ကို စမ်းချောင်းရဲစခန်းကဖမ်းပြီး အနောက်ပိုင်းခရိုင်တရားရုံးကို တရားစွဲတင်ရာမှာလည်း အမှုမခိုင်လုံလို့ဆိုပြီး တရားရှင် ပြန်လွှတ်ထားပါတယ်. မူးယစ်ဆေးပြားကို ကိုယ်တိုင်လည်း သုံးစွဲတဲ့အပြင် ရောင်းဝယ်တဲ့အဆင့်ကို ရောက်နေတာ အတော်ကြာပါပြီ၊ ဆေးစစ်ပြန်တော့လည်း ဆီးအောင်တယ်တဲ့၊ ရုပ်လက္ခဏာကြည့်ရင်တောင် ဆေးသုံးထားမှန်း သိသာတာ၊ တကယ်တမ်းဆိုရင် ဘယ်လိုမှ အောင်နိုင်စရာမရှိပါဘူး၊ ဘယ်အချိန်ချိန် စစ်စစ်ဆီးကျမှာပါ။ သူ့ကိုဖော်တဲ့ ရဲထွန်းလေးဆိုတဲ့ကောင်ကလည်း မိတုန်းကတော့ ဆေးပြား ၁၅၀ သူ့အိမ်မှာ မိတာပါ။ နောက်တော့ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး တရားရုံးရောက်တော့ ၃၀ ဖြစ်သွားတယ်။ သူ့အိမ်မှာ လာဖမ်းတဲ့ အချိန်တုန်းက ဘာပွဲမှ မရှိဘဲ၊ အခုကျတော့ သူ့သမီးမွေးနေ့ပွဲလုပ်နေတုန်း ဘယ်သူက ဖိနပ်ချွတ်မှာ လာထားသွားသလဲ မသိဘူးတဲ့။ အဲဒီကောင်က အရင်တုန်းက မျိုးသီရိကျော်ဆီမှာ ၀ယ်နေကျဖောက်သည်ပါ။ မျိုးသီရိကျော်ညီမ မျိုးစန္ဒီကျော်နဲ့ သူ့ယောင်္ကျားဖြစ်တဲ့ကောင်ရော သူ့ဖောက်သည်တွေပဲပေါ့။ နယ်မှာ လိုက်ဆိုတဲ့ အဆိုတော်ပေါက်စတော်တော်များများလည်း သူ့ဖောက်သည်တွေပါပဲ။ ရဲထွန်းလေးဆိုတဲ့ကောင်က အရင်တုန်းက ၀ယ်တဲ့ဆေးအကြွေးတွေမပေးလို့ မျိုးသီရိကျော်နဲ့ အကြီးအကျယ်ရန်ဖြစ်ထားရာကနေ သူ့ဆီမှာ ဆေးတွေလည်းမိရော မျိုးသီရိကျော်ကို စွဲထည့်တာပေါ့၊ နိုင်ငံပိုင် သတင်းစာတွေမှာရော ဂျာနယ်တွေမှာပါ မူးယစ်ဆေးဝါး ဟောပြောပွဲတွေ၊ ဖမ်းဆီးတာတွေ အရှိန်အဟုတ်မြှင့် လုပ်နေပေမယ့်လည်း ဒီလို သရုပ်ဆောင်တွေ အဆိုတော်တွေကိုကျတော့ ဘာလို့ ကင်းလွတ်ခွင့် ပေးထားကြသလဲ မသိဘူး၊ အခု ဒါရိုက်တာ ညိုမင်းလွင်ဆိုရင် အပြင်မှာပြန်ရောက်ပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုပြီး ဟောပြောပွဲတွေမှာတောင် ပါနေလေရဲ့။
    အခု မျိုးသီရိကျော်က အပြင်မှာဘယ်လိုပြောနေသလည်းဆိုတော့.. သူ့ကိုချောက်တွန်းတာကို ရဲတွေက မှားဖမ်းတာဆိုပြီး ရဲကိုပြန်ပြီး အပြစ်ဖို့နေတယ်။ သူ့ကိုယ်သူ လူကောင်းပေါ့၊ အိမ်နီးချင်းတွေနဲ့ အပေါင်းအသင်းတွေကို ဒီလိုပဲ သတင်းလွှင့်နေပါတယ်။ အဲဒီလိုအပြင်ပြန်ရောက်လာဖို့ ပိုက်ဆံဘယ်လောက် ကုန်သွားသလဲဆိုတာတော့ မပြောဘူးပေါ့ဗျာ။ ကဲမိတ်ဆွေတို့ရော ဘယ်လိုသုံးသပ်မိသလဲ? ဘယ်သူ့အပြစ်လည်းဗျာ... ဆေးရောင်းတဲ့သူရဲ့အပြစ်လား၊ မဖမ်းတဲ့သူရဲ့ အပြစ်လား?

    မူးယစ်ဆေးဝါးအမြစ်ပြတ်စေချင်သူ

    ReplyDelete

Flag Counter