Search Box

Members

Sunday, January 1, 2012

ဂျက်ကီချန်း ဇူလိုင်လ ၅ ရက်နေ့ မန္တလေးကို လာရောက်မည်

ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူးမင်းသား-ဂျက်ကီချန်း ဇူလိုင်လ ၅ ရက်နေ့ မန္တလေးကို လာရောက်မဲ့ အကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရုံးကို ကိုးကားပြိး ပေါ်ပြူလာနယူးစ်ဂျာနယ်မှာ ဖေါ်ပြထား ပါတယ်။ UNICEF ရဲ့ သံတမန်တစ်ဦးဖြစ်တဲ့ ဂျက်ကီချန်းဟာ ဇူလိုင် ၅ ရက် ညနေ ၃ နာရီမှာ တရုတ်နိုင်ငံ ဘေကျင်းမြို့ကနေတစ်ဆင့် မန္တလေးကို အထူးလေယာဉ်နဲ့ လာရောက်မှာ ဖြစ်ပါတယ်။ ရောက်ရောက်ချင်း ဇူလိုင် ၅ ရက် ညနေ ၄ နာရီမှာ မန္တလေးတောင်ပေါ်တက်ပြိး လေ့လာလည်ပတ်မယ်လို့ သိရပါတယ်။ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းဟာ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လူကုန်ကူးခံရမှု ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေကို အား ပေးမြှင့်တင်မှာဖြစ်ပြိး လူကုန်ကူးခံရပြီးလွတ်မြောက်လာတဲ
့ ကလေးငယ်တွေကိုလည်း တွေ့ဆုံအားပေးမယ်လို့ သိရပါ တယ်။ အဲဒီ့နောက် ဂျက်ကီချန်းဟာ ဇူလိုင်လ ၇ ရက်နေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၊ ၁ဝ-ထပ်၊ UNICEF ရုံးမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့လည်း သိရပါတယ်။
DVB TV News

No comments:

Post a Comment

Flag Counter